Wednesday, July 7, 2010

မဂ်တု ဆယ်ပါး

တရားအားထုတ်သော ယောဂီတို့မှာ ဥာဏ် ကြည်လင်လာသောအခါ သဒ္ဓမ္မပ္ပတရူက လို့ခေါ်တဲ့ တရားအတုတွေ (မဂ်အတုတွေ) ၀င်လာတတ်ကြသည်။ မဂ်အတုများကား ၁၀ ပါး ရှိ၏။
၁။ သြဘာသ = အလင်းရောင်
၂။ ဉာ ဏ = ဉာဏ်ထက်မြက်ခြင်း
၃။ ပီတိ = ၀မ်းသာမှု လွန်ကဲခြင်း
၎။ ပဿဒ္ဓိ = ကိုယ် စိတ် ငြိမ်းအေးနေခြင်း
၅။ သုခ = တစ်ကိုယ်လုံး ချမ်းသာမှု စိမ့်နေခြင်း
၆။ အဓိမောက္ခ = လွန်ကဲသော ယုံကြည်မှု သဒ္ဓါ ဖြစ်ခြင်း
၇။ ပဂ္ဂဟ = လုံ့လ ၀ီရိယ ဇွဲထက်သန်နေခြင်း
၈။ ဥပဋ္ဌာန = စွဲမြဲသော သတိကောင်းနေခြင်း
၉။ ဥပေက္ခာ = ၀ိပဿ နုပေက္ခာ နှင့် အာဝဇ္ဇနုပေက္ခာ တို့ ဖြစ်ခြင်း
၁၀။ နိကန္တိ = ရှေ့ ပိုင်း ကိုးမျိုးကို နှစ်သက်တွယ်တာခြင်း

ဝိပဿနာအားထုတ်၍ ယောဂီ၏ ဉာဏ် ကြည်လင်သောအခါ အဖြစ်အပျက်တွေကို မြင်လာနိုင်၏။ ထိုအခါ ဆိုခဲ့ပြီးသော မဂ်တု တစ်မျိုးသော် လည်းကောင်း၊ နှစ်မျိုးသော် လည်းကောင်း ဖြစ်ပေါ်လာတတ်၏။
ဝိပဿနာ မကျွမ်းကျင်သူတို့က ' ဒါ မဂ်ပဲ ' ဟု ဆိုတတ်ကြ၏။ 'တော်ပြီ' ဆိုပြီး ရှေ့ ဆက် အားမထုတ်တော့။ ဤသို့ကြောင့် တရားမတိုးတက်ဘဲ ဖြစ်နေတတ်ပါသည်။

(ဆန်းလွင် စီစဉ်တင်ဆက်သော ၀ိပဿနာရှုနည်း လက်စွဲကျမ်း - မှ)

No comments:

Post a Comment