Thursday, July 1, 2010

ဗျာပါဒ နှင့် အဗျာပါဒ ၀ိတက်

ဗျာပါဒ ဆိုသည်မှာ သူတပါးကို ပျက်စီး စေလို ၊ သေစေလိုသော ဒေါသဖြစ်ပါသည်။ ထို ဒေါသနှင့် ယှဉ်သော အကြံကို "ဗျာပါဒ ၀ိတက်" ဟုခေါ်ပါသည်။

အဗျာပါဒ သည် ဒေါသနှင့် ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာဖြစ်ပါသည်။ ထိုမေတ္တာနှင့် ယှဉ်သော အကြံ ( သတ္တ၀ါ အများကို ချမ်းသာစေလို ၊ ချမ်းသာအောင် ပြုလုပ်လိုသော အကြံ) များကို အဗျာပါဒ ၀ိတက် ဟုခေါ်ပါသည်။

No comments:

Post a Comment