Saturday, July 3, 2010

သရဏဂုံ အဓိပ္ပါယ်

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဗုဒ္ဓံ - သစ္စာလေးပါး မြတ်တရားကို ၊ ပိုင်းခြားထင်ထင် ၊ ကိုယ်တိုင်မြင်၍ ၊ မြင်စေဟောကြား ၊ မြတ်စွာဘုရားကို၊

သရဏံ - ဘေးရန်ပယ်ဖျောက် ၊ ချမ်းသာရောက်အောင် ၊ စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံး ကိုးကွယ်ရာ ဟူ၍၊

ဂစ္ဆာမိ - ယုံကြည်သိမှတ် ၊ ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ - မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်၊ ဆယ်ဖြာသော တရားတော်မြတ်ကို၊

သရဏံ - ဘေးရန်ပယ်ဖျောက် ၊ ချမ်းသာရောက်အောင် ၊ စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံး ကိုးကွယ်ရာ ဟူ၍၊

ဂစ္ဆာမိ - ယုံကြည်သိမှတ် ၊ ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။

သံဃံ သရဏံ ဂစ္ဆာမိ။

သံဃံ - သမုတိသံဃာ၊ အရိယာသံဃာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို၊

သရဏံ - ဘေးရန်ပယ်ဖျောက် ၊ ချမ်းသာရောက်အောင် ၊ စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံး ကိုးကွယ်ရာ ဟူ၍၊

ဂစ္ဆာမိ - ယုံကြည်သိမှတ် ၊ ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။

(ဒေါက်တာမင်းတင်မွန် ၏ မြတ်သရဏဂုံ မှ)

No comments:

Post a Comment